Local News

မွန်ပြည်နယ်တစ်ပတ်အတွင်း RSS-3 ရော်ဘာတစ်ပေါင်(၅၀)ကျပ် ဈေးနှုန်းမြင့်တက်လာ

Last Updated:

     မွန်ပြည်နယ်တွင် မိုးရာသီရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ရပ်နားထားသည့်အတွက် ယခုအချိန်သည် အစေးထွက်နှုန်းကောင်းမွန်ကြောင်း၊ ထွက်ရှိရော်ဘာများအား ကုမ္ပဏီ/ရော်ဘာ အဝယ်ဒိုင်များဘက်မှ ဝယ်ယူမှုများပြားလာပြီး တစ်ပတ်အတွင်းရော်ဘာတစ်ပေါင်လျှင်(၅၀)ကျပ် ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ရော်ဘာဈေးကွက်မှ သိရှိရသည်။

      ဝယ်လိုအားကြောင့် ခြံငယ်ရှင်တောင်သူများ လက်ဝယ်တွင် ထွက်ရှိရာဘာ (အစေးရည်/ နေလှမ်းပြား/မှိုင်းခံပြား)များအား ဈေးကွက်အတွင်းရောင်းချမှုများသော်လည်း ဧကအများအပြား စိုက်ပျိုးသော ခြံရှင်များလက်ဝယ်တွင် အရည်အသွေးမြင့်ရော်ဘာများအား ဈေးကောင်းရရှိရန် စုဆောင်းထားလေ့ရှိပါသည်။ RSS-3 ရော်ဘာတစ်ပေါင် စျေးနှုန်းအခြေအနေမှာ ယခင်အပတ် (တနင်္လာနေ့)တွင်(၇၀၀)ကျပ်မှ ယခုအပတ် ၂၀၂၀၊အောက် ၁၉ရက်(တနင်္လာနေ့) တွင်(၇၅၀) ကျပ် ပေါက်ဈေးဖြစ်ပေါ်နေသည့်အတွက် တစ်ပတ်အတွင်း ရော်ဘာတစ်ပေါင်လျှင် (၅၀)ကျပ် ဈေးနှုန်း မြင့်တက်နေကြောင်းနှင့် ယခင်နှစ်အလားတူကာလ ဈေးနှုန်း(၇၅၀)ကျပ်နှင့် တူညီနေ ကြောင်း သိရှိရပါသည်။

 

 

                                                                                      ရာမညကုန်သွယ်မှုဗဟိုဌာန

 

 

 

 

Category: Local News